နမ့်စန်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုများ ချီးမြှင့်

နမ့်စန်(ဇွန် 

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂-၂၀၂ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်၉နာရီက အမှတ်()ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက် ရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အသင်းသား၊ အသင်းသူများ၏ သား/သမီးများထဲမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၅ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၂ ဦး၊ ၂ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ရိုးရိုးအောင်မြင်သူ ၅ ဦးနှင့် လူရည်ချွန်ရရှိသူ ၂ ဦး၊ စုစုပေါင်း(၁၀)ဦးကို တစ်ဦးလျှင် ပညာသင်ဆု ကျပ်သုံးသောင်းစီနှင့် ဂုဏ်ထူးရဘာသာ ၁ ဘာသာအတွက် ကျပ်တစ်သောင်းစီကို အသီသီးဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းမှ တာဝန်ရှိသူများက တက်ရောက်လာသော အသင်းသားများကို စုစုပေါင်းငွေကျပ် သိန်း ၃၀ကျော် တန်ဖိုးရှိ ဗလာမပါ ငွေသားကံစမ်းမဲများကို မဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၅၂၅ ဦး၏ စုဆောင်းငွေပေါ် အတိုးစုစုပေါင်း ၂၇၇၆၉၃၂ ကျပ်ကိုလည်း စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)