မိုင်းယောင်း ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
မိုးကြိုးများပစ်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ပါဟုတ်အုပ်စု၊ ပါဟုတ်ကျေးရွာ ဦးအိုက်မွန်း၏ အုတ်/ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ကျွတ်မိုး နှစ်ထပ်အိမ်အား မိုးကြိုးထိမှန်ခဲ့ရာ အမိုးအုတ်ကြွပ်နှင့် မျက်နှာကျက်များ ပျက်စီးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့်နေရာများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မိုင်းယောင်းတပ်နယ် ခေတ္တတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးစိုးမိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းထွန်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တာဝန်ရှိသူများသွားရောက်ခဲ့ပြီး လိုအပ်သည့် ကူညီရှင်းလင်းမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)