အမြို့မြို့အနယ်နယ်သတင်းများ

Jun 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းရေးရာဌာနမှ သင်တန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာမြင့်နှင့်သင်တန်းသား၊ သင်တန်းသူများ ယမန်နေ့က လာရောက်လေ့လာခဲ့သည်။
Jun 23,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့တွင် စတုတ္ထထအကြိမ်မြောက် ဓမ္မစကူးလ်ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က သီရိမင်္ဂလာအုဋ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Jun 23,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)သို့ တက်ရောက်မည့်သူ ၁၁၀ ဦးရှိပြီး စုရပ်အသီးသီးမှ ရောက်ရှိလာသော သင်တန်းသားများကို ယမန်နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၈၈)ခြေလျင်တပ်ရင်း၌ ဂုဏ်ပြုဧည့်ခံကြိုဆိုခဲ့ကြောင်း မင်းဘူးခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။
Jun 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၃၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲက ကြာဖူးငုံလက်ပံကျေးရွာ တောင်သူ ဦးမြင့်သန်း၏ ဧက (၂၃) စံပြကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 23,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက်၉နာရီအချိန်က ကျောင်းကျန်းမာရေးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
Jun 23,2024
မြောင်းမြမြို့၌ သူနာပြုသင်တန်းကျောင်း အပတ်စဥ် (၄) သူနာပြု -သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းတွင် တက်ရောက်​နေသည့် သင်တန်းသား/ သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​သူနာပြုသင်တန်းကျောင်း၊ ဒေါ်ခင်ကြည်ခန်းမ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။