ကျောင်းကုန်း ဇွန် ၂၃
သစ်ပင်သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကို ကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးလာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် သစ်တောဦးစီးဌာန၊ ကျောင်းကုန်းဘိနယ်မှကြီးမှူး၍ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရေဂလုပ်အုပ်စု၊ ချောင်းဝကျေးရွာ၊ ထူပါရုံဘုရားကြီးဝန်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ ရေကြည်မြို နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့် သစ်တောဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၁၅၀)ခန့်က အမြင့် (၂) ပေနှင့်အထက်ရှိသော ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား အပင်(၃၀၀)ပင်တို့အား စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပျိုးထောင်ထားရှိသည့် ပျိုးပင်များအား စာသင်ကျောင်းများနှင့် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်းကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)