သာယာဝတီမြို့နယ်တွင် လူကုန်ကူးမှု အသိပညာပေးဟောပြောကျင်းပ

သာယာဝတီ နိုဝင်ဘာ ၅

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) မှ တပ်ဖွဲ့စိတ်မှူးနှင့် တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က (ခွဲ) သုံးဆယ်ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/ ၂၂) ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပါအကြောင်းအရာများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေပါ အကြောင်းအရာများ၊ အငှားကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သောအကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများအား သိရှိစေရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူ (၃၅၀) ဦးခန့်အား လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

သန့်ဇော် (ပြန်/ဆက်)