ဟင်္သာတ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မိမိတို့မြို့နယ်တွင်း Plastic Campain အစီအစဉ်အား ယနေ့က ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ထွေ/အုပ် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှုးများပါဝင်သော အဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ ဟင်္သာတ-ရန်ကုန်လမ်း (လယ်တော်ဂိတ်)တွင်လည်းကောင်း ဟင်္သာတ-အင်္ဂပူလမ်းပိုင်း (လယ်တီကွင်းဂိတ်)တွင်လည်းကောင်း ဟင်္သာတ-ပုသိမ်လမ်း (ကုန်းကြီးဂိတ်) များတွင် ခရီးသွားကားများပေါ်မှ အမှိုက်များ ပစ်ချမှုမရှိစေရေး၊ ကားများ၌ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေး ၊မြို့ဝင်လမ်းမကြီး ဘေးဝဲယာတစ်လျောက် သန့်ရှင်းသာယာလှပရေး၊ မိမိတို့ မြို့ရွာ၊ ရပ်ကွက်လမ်းများ၌ ပလပ်စတစ် အမှိုက်ကင်းစင်ရေးတို့ကို အလေးထားလိုက်နာမှုရှိစေရန် ပူးပေါင်းအဖွဲ့များက စနစ်တကျ အသိပညာပေးခြင်းနှင့် အမှိုက်ကင်းစင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်ဆက်(ဟင်္သာတ)