ကျောက်ဆည် နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ လေပြင်းဘေးသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ လေပြင်းဖြစ်ပေါ် နေစဉ်အတွင်း လိုက်နာရန် အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လေပြင်းတိုက်ခိုက်ပြီးနောက် ဆောင်ရွက်ရန်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး လေပြင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်