မိုင်းယောင်းမြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းယောင်း နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက စဉ်ဆက်ပညာရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိုင်းတင့်ဆန်းက စဉ်ဆက်ပညာသင်ကြားရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ နည်းပြနှင့် ကြီးကြပ်များ၊  ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးများက စဉ်ဆက်ပညာသင်ကြားရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)