ကျောက်ဆည် နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မုံ့ပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်း စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မုံ့ပေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်အေးအေးသန်းက ကျောင်းနေစဉ် ငယ်ရွယ်သည့်အချိန်ကပင် ကစားချိန်ကစားပြီး ကျောင်းစားအပြင် အသိအလိမ္မာများရရှိသည့် စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက “စာအုပ်စာပေလူ့မိတ်ဆွေ”၊ “ပညာရွှေအိုးလူမခိုး” ဆိုသည့်အတိုင်း ပညာကိုရွှေကဲသို့ တန်ဖိုးထားပြီး မိတ်ဆွေကဲ့သို့ စာအုပ်များကို မိတ်ဆွေကဲ့သို့ အားလပ်သည့်အချိန်တွင် ရှာဖွေဖတ်ရှုကြရန် အားလပ်သည့် အချိန်များ၌ သုတရသစာပေများ ရှာဖွေ့လေ့လာဖတ်ရှုစေလိုကြောင်း၊ အောင်မြင်ကြီးပွားသူများသည် စာပေဖတ်ရှုသူများဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)