မြို့သစ် နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ပညာဘဏ်တိုက်စာကြည့်တိုက်အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လက စတင်ပြီး ဆောက်လုပ်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့အထိ (၉၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
မြေပြင်သာကျေးရွာ ၊ ကျေးလက်စာကြည့်တိုက်အဆောက်အအုံဆောက်လုပ်ရာတွင် မြို့နယ်အဆင့် စာကြည့်တိုက်များအကောင်အထည်ဖော်ရေးကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ စာကြည့်တိုက်အဆောက်အအုံဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် Drawing၊ Design များအတိုင်း ဆောက်လုပ်၍ အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်ဆောက်လုပ်မှုအမြန်ပြီးစီးရေး ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မှုကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)