အမြို့မြို့အနယ်နယ်သတင်းများ

Nov 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်)တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။
Nov 07,2024
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ စာပေဖတ်ရှုမှုမှတစ်ဆင့် စဉ်းစားတွေးခေါ် မှန်ကန်စေရေးရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းခွဲခန်းမဆောင် ကျင်းပခဲ့သည်။
Nov 07,2024
တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ (၃) နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။
Nov 07,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများအတွက် မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိသည့်နည်းတူ၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်နည်းပညာပေးခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို၊ ကျောင်းအခြေပြု ဆောင်ရွက်ပေးလျက်ရှိရာ၊ ယမန်နေ့ နံနက် (၁၀) နာရီခွဲအချိန်က လယ်ယားတောင် ကျေးရွာအုပ်စုရှိ International Private School (IPS-II) ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 07,2024
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။     
Nov 07,2024
ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကြီးမှူး၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ပိုးမွေးမြူရေးသင်တန်း (ပိုးစာနှင့် စိုက်ပျိုးမွေးမြူရေးသင်တန်း) (၁/၂၀၂၄) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက မန်ခိန်ရပ်ကွက်ရှိ မြစ်ကြီးနားမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါးနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ပိုးစာခြံသင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
Nov 07,2024
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်အတွင်းရှိ (၂၀၂၄-၂၀၂၅)အတွက် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား နေကြာသီးသန့်စိုက်ပျိုးဧက (၂၀၀)ဧကနှင့် သီးညှပ်(၁၀၀၀)ဧက စုစုပေါင်း (၁၂၀၀)ဧကအတွက် နေကြာအထွက်တိုး မျိုးကောင်းမျိုးသန့် (ရေဆင်းစပ်မျိုး-၁)သွင်းအားစုများပေးအပ်ပွဲနှင့် ဓာတ်မြေသြဇာထောက်ပံ့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။