မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

မော်လိုက် ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်သင် ဆရာ/ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အ.ထ.က ကျောင်း စုံညီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးနှင့် သာရပ်သင်ဆရာ/ ဆရာမများက မိမိတို့ သင်ကြားနေသည့် ဘာသာရပ်အလိုက် အောင်ချက်မြင့်မားရေးအတွက် သင်ကြားရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ အလှူရှင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက လှူဒါန်းသောကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် လေပန်ကာ(၈)လုံးတို့ကို လှူဒါန်းခဲ့ရာ ပညာရေးဌာနမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

 ကိုထက်(ပြန်/ဆက်)