ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားရှိ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး၊ ယာယီတိမ်းရှောင်စခန်း (၇) ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များပေးအပ်

မြစ်ကြီးနား ဇွန် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် မြစ်ရေကြီးမြင့်မှ ကာကွယ်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး‌ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဦးစွာမြစ်ကြီးနားမြို့ မြို့တော်ခန်းမသို့သွားရောက်ပြီး မြို့တော်ခန်းမသစ်အား ဘဏ္ဍာနှစ်အလိုက် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီသစ်လွင်ပြီး ရိုးရာအဆင်ဒီဇိုင်းများဖြင့် အဆောက်အဦ တည်ဆောက်ပြီးစီးခဲ့မှု အခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိနေသည့် ရေမြောင်းစနစ်၊ ရေစင်တည်ဆောက် ခြင်းနှင့် ရေပေးဝေရေးစနစ်တည်ဆောက်ခြင်း၊ လျှပ်စစ်မီးလိုင်းများ(အတွင်း/ အပြင်) တပ်ဆင်ခြင်း၊ လေအေးပေးစက်များ တပ်ဆင်ခြင်း၊ မီးသတ်စနစ်တပ်ခြင်း၊ အသံစနစ်တပ်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ကုမ္ပဏီတာဝန်ရှိသူက တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်နိုင်ရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေခွဲဝေလျာထား သတ်မှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မြို့တော်ခန်းမဝင်းအတွင်း ကားပါကင်နှင့် မြေယာအလှပြုပြင် ဆောင်ရွက်သွားမည့် အ‌ခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝနက်ြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မအတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး အဓိကရေဝင်ပေါက်ဖြစ်သည့် အင်ဂျန်းခချောင်း‌ဝ၌ ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက (၈ပေ၊ ၁၂ ပေ) ရေထိန်းတံခါး ၃ ခုတည်ဆောက်ပြီးစီးမှု နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်ရမည့် Retaining Wall နှင့် ရေထိန်းတံခါး ကမ်းကပ်ခုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် အဆိုပါ ရေထိန်းတံခါးမှ လောကမာန် အောင်အံတော်ရှင်စေတီတော်အထိ ကျောက်စီရေထိန်းနံရံ အရှည်ပေ (၅၀၀) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သတ်မှတ် စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်နိုင်ရေး  တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်-၄/ ယောရင်ကွင်းအတွင်း၌ အလျား ၁၂၆ ပေ၊ အနံ ၁၅၃ ပေရှိ သံကူကွန်ကရစ် (၄)ထပ် အဆောက်အဦအဖြစ် တည်ဆောက်လျက်ရှိသည့် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွား ရောက်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တရားသူကြီးများ၊ တာဝန်ရှိသူများနှင့်အတူ  လုပ်ငန်းစီမံကိန်းအတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆောက်ပြီးစီးခဲ့သည့် ဖောင်ဒေးရှင်း တည်ဆောက်ပြီးစီးမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရမည့် မြေညီထပ်တိုင်ထူ သဲဖြည့်ခြင်းနှင့် Beam ကွန်ကရစ်လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှင်းလင်းဆောင်၌ တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက် ရမည့် လုပ်ငန်းများ အချိန်မီ အရည်အသွေးပြည့်မီ‌စွာ ဆောင်ရွက်ပြီးစီးရေးနှင့် ဆက်စပ်လုပ်ငန်းများ ကြို တင်ဖြည့်စွက်ဆောင်ရွက်နိုင်ရေးမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်က်ြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြို့ပေါ်ရပ်ကွက်များမှ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများနှင့် ခရစ်ယာန် အသင်းတော်ဘုရားကျောင်းဝင်းများအတွင်းရှိ ဝိုင်းမော်မြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်များမှ ယာယီခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်စခန်း(၇)ခုမှအိမ်ထောင်စုများအား အခြေခံစားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အဆိုပါ စခန်း(၇)ခုရှိ အိမ်ထောင်စု ၃၂၈ စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၃၂၈) အိတ်နှင့် ဆီပိဿာ (၃၂၈) ပိဿာကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ အိမ်ထောင်စုများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ယာယီစခန်းများသို့ လာရောက်ထောက်ပံ့ခြင်း၊ ယခုလိုစုဖွဲ့ထောက်ပံ့ခြင်းများကို စဉ်ဆက်မပြတ် ကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ မိုးတွင်းကာလရောက်ရှိပြီဖြစ်သောကြောင့် ကျန်းမာရေးအထူးဂရုပြုနေထိုင်ကြရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးမှာကြားသည်။

ပြည်နယ်(ပြန်/ဆက်)