မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇွန် ၁၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်စီမံကိန်းကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများ၊ အတိုးနှုန်းကာလသတ်မှတ်ချက်များ၊ ကြွေးကျန် များမဖြစ်ပေါ်စေရေးအတွက် ကော်မတီဝင်များမှ အလေးထားဆောင်ရွက်သင့်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ပုံစံ (၇) မျိုးရေးသွင်းထားရှိမှုနှင့် ချေးငွေများဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ညောင်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း (၃၀၀) ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ (၇၆) ဦးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၅၁) ဦး စုစုပေါင်း စီမံကိန်းအသင်းသား/သူ (၁၂၇) ဦးကို ငွေကျပ် (၄၆၆) သိန်းအား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။

ရွှေမိုးညှင်း