တပ်ကုန်း ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ပူးပေါင်းကျင်းပသည့် စွန့်ပစ်ပစ္စည်း (အမှိုက်) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၁၁ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ ဖွံ့ဖြိုးမှုများနှင့်တပ်ကုန်းမြို့ Video Clip ပြသခဲ့ပြီး၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ကြီးကြပ်ရေးမှူး ဦးအောင်နိုင်မင်း၊ ဦးစီးအရာရှိ ဦးအောင်သန့်ကိုတို့က အမှိုက်အမျိုးအစား ခွဲခြားစနစ်တကျစွန့်ပစ်ရေး၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောဆွေးနွေး ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စားသောက်ဆိုင်လုပ်ငန်းရှင်များက စွန့်ပစ်ပစ္စည်း (အမှိုက်) ဆိုင်ရာ သိရှိလိုများမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် ပလတ်စတစ်အမှိုက်နှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်