အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်သည်။
Jan 28,2026
ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပဆောင်ရွက်သည်။
Jan 28,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောက်တိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဂန့်ဂေါ)တွင် ကျောင်းအခြေပြုမီးခိုးမြူငွေ့အန္တရာယ်နှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းရှိ ပုံညာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Jan 28,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေးနှိုးဆော်ခြင်း၊ မီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ ဇာတိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့်တင်ဆောက်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း (ကံမ)၏ ကျောင်းစုပေါင်းကွင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။
Jan 28,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများစစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Jan 28,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီအချိန်က ခရိုင်ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အားကစားဝါသနာရှင်များက တက်ရောက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။
Jan 28,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊‌ ‌ဆာလုံ(လားဟူ)ကျေးရွာ၊ ရွာလယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 28,2026
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။