သထုံမြို့နယ်၌ Placement Test (အထူးအစီအစဥ်) ဖြင့် အရည်အချင်းစစ်စာမေးပွဲဖြေဆို

သထုံ ဇွန် ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယမန်နေ့က စတင်၍ Placement Test (အထူးအစီအစဉ်) အရည်အချင်းစစ်စာမေးပွဲကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်သည့် အခွင့်အရေးမဆုံးရှုံးစေရေးအတွက် Placement Test (အထူးအစီအစဉ်) ဖြင့် Gradde-1 မှ Gradde-8 အဆင့် ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းစစ်စာမေးပွဲ စစ်ဆေးဖြေဆိုနေကြခြင်းဖြစ်သည်။

သထုံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်သူ စုစုပေါင်း (၁၅၇) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး (၁၄၉) ဦး လာရောက်ဖြေဆိုရာ ၉၄ ရာခိုင်နှုန်း လာရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)