အမြို့မြို့အနယ်နယ်သတင်းများ

Jan 28,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ စေတုတ္တရာမြို့နယ် သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၉)နာရီခွဲက  မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
Jan 28,2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄ -၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 28,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြိုဓမ္မပူဇာအဖြစ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပို့တွဲလဆန်း ၁၀ ရက် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲက အဆိုပါစေတီတော်လိုဏ်အတွင်း၌ ကျင်းပသည်။
Jan 28,2026
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီက ဇီးချောင်းကျေးရွာတွင် ဆောင်ရွက်သည်။
Jan 28,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၇ ရက်နေ့နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(နောင်စွန်း)၌ ကျင်းပသည်။
Jan 28,2026
နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ​မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပခဲ့ကြောင်း သိရသည်။
Jan 28,2026
မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ဇန်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။
Jan 28,2026
စစ်ကိုင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။