တမူး ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ပထမရက်(၁၀၀)စီမံချက်ကာလအတွင်း ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇွန်လ ၁၆ ရက်နေ့ နံနက် ၈ နာရီက မြို့မရပ်ကွက်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သောနေရာများတွင် (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ခြင်း၊ ဆေးဖြန်းခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်(Abate)ဆေးခတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ခြင်ပေါက်ပွားမှု၊ ခြင်ခိုအောင်းမှုလျှော့နည်းစေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေ ရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ရတနာ