ငါန်းဇွန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဆက်လက်ဖြေဆို

ငါန်းဇွန် ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ အင်္ဂလိပ်စာနှင့်အထွေထွေဗဟုသုတဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြေဆိုနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လှယမင်းနွယ်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲသို့ ငါန်းဇွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-1 မှ Grade-8 အထိ စာရင်းရှိ ကျောင်းသားကျောင်းသူ (၅၄၇)ဦး၊ ဖြေဆိုကျောင်းသားကျောင်းသူ(၄၀၉)ဦး ပျက်ကွက်ကျောင်းသားကျောင်းသူ(၁၃၈)ဦးနှင့် ဖြေဆိုမှု ရာခိုင်နှုန်း (၇၅%)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှ သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)