မော်လိုက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကျင်းပ

မော်လိုက် ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တား ဆီးရေးအသိပညာပေးဟောပြောပွဲကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အ.မ.က(၃) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 ရှေးဦးစွာ အ.မ.က(၃)ကျောင်းအုပ်ဆရာကြီး ဦးကျော်မိုးအောင်က အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက်ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်စိုးက သွေးလွန်တုပ်ကွေးဖြစ်တတ်သည့် လက္ခဏာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ကျော့ကေခိုင်က (ဖုန်း၊ သွန်၊ လဲ၊ စစ်)လုပ်ငန်းများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သွေးလွန်တုပ်ကွေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 အဆိုပါအခမ်းအနားသို့ ခရိုင်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အမျိုးသ မီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)