အမြို့မြို့အနယ်နယ်သတင်းများ

Jun 16,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၇) စက်မှုလယ်ယာစခန်းက လက်ဆက်‌ကျေးရွာအုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ ဦးပိုင်အမှတ် (၁၈/၁)၊ ကွင်းအမှတ် (၇၆၂) ၊ တောင်သူ ဦး‌ကျော်ကျော်လွင်၏ လယ်မြေ (၃) ဧက၌ (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးအစေ့ချသရုပ်ပြခြင်းကို ယနေနံနက်ပိုင်းက ပြုလုပ်သည်။
Jun 16,2026
ကချင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီအနေဖြင့် အိမ်တွင်းမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေကာ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သင်တန်း (၄)ခုလျာ ထားသည့်အနက် ပထမအကြိမ်အဖြစ် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းကို ဇွန် ၁၅ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သည်။
Jun 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်  Placement Test စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေး ချမ်းစွာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 16,2026
အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့်မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လိန်တောကျေးရွာ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ မိုးဝါစိုက်သမဝါယမ အသင်းသားတောင်သူများထံသို့ မြို့နယ်သမဝါယမအသင်းစုမှ မျိုးနှင့်သွင်းအားစုပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါလိန်တောကျေးရွာသမဝါယမအသင်းရုံးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jun 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၇)နာရီအချိန်က ပြည်သူ့အားကစားကွင်း၌တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ(ဒုတိယနေ့)ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉) နာရီ အချိန် က အ.ထ.ကကျောင်းတွင် မူလတန်းအဆင့်နှင့် အလယ်တန်း အဆင့်ကျောင်းသား/ကျောင်းသူများ ဖြေဆိုခဲ့ကြသည်။
Jun 16,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းခေတ်မီစံပြကျေးရွာ အောင်စည်သာယာခန်းမ၌ ကျင်းပသည်။