မော်လိုက်မြို့၌ တောင်သူများကိုပိုက်ဆံလျှော်ဓာတ်မြေဩဇာများ အခမဲ့ထောက်ပံ့ပေးအပ်

မော်လိုက် ‌‌ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မိုးစပါးစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုက်ဆံလျှော်ဓာတ် မြေဩဇာများကိုအခမဲ့ ထောက်ပံ့ပေး အပ်ခြင်းကို ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီအချိန်က မြို့မ(၁)ရပ်ကွက် စွယ်တော်ရပ်တွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ‌ဓာတ်မြေဩဇာသုံးစွဲပုံအဆင့်ဆင့်များကို ရှင်းလင်း ပြောကြားခဲ့ပီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာရဲဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မိုး၊)မြေစာရင်းဦးစီးဌာနမှမှဝန်ထမ်း များနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကတောင်သူများကို ပိုက်ဆံလျှော်ဓာတ် မြေဩဇာများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုသို့ပေးအပ်ရာတွင်မြို့ပေါ်ရပ်ကွက်များရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူတစ်ဦးလျှင် (တစ်ဧက)ကို (၈)ပြည်နှုန်းဖြင့် တောင်သူ(၂၃)ဦးတို့ကို‌ စုစုပေါင်းပိုက်ဆံလျှော်ဓာတ်မြေဩဇာ (၁၅)တင်းတို့ကို ‌ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုထက်(ပြန်/ဆက်)