မိတ္ထီလာ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသူ၊ ကျောင်းသားများအတွက် Placement Test စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့က အ.ထ.က(၁)တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲသို့ ကျောင်းသူကျောင်းသား ၁၅၁ ဦး (စာရင်းရှိ) ဝင်ရောက်ဖြေဆိုရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် အဆိုပါ Pleacment Test စာမေးပွဲများကို စာစစ်ဌာနများအလိုက်ကျင်းပရာ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၃၅၇ ဦးဝင်ရောက်ဖြေဆိုပြီး ဖြေဆိုသည့်ရာခိုင်နှုန်း ၉၂.၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ချမ်းသာ