အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
မန္တ​လေးတိုင်း​ဒေသကြီး၊ နွားထိုးကြီးမြို့နယ် ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံး၌ ပထမအကြိမ်ကပ်ထားကြေညာခဲ့သော မဲဆန္ဒရှင်စာရင်းများ ထည့်သွင်း ပယ်ဖျက်၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 21,2020
စိုက်​ပျိုး​မွေးမြူ​ရေးနှင့်​ ဆည်​မြောင်းဝန်​ကြီးဌာန၊ မြို့နယ်​ငါးလုပ်​ငန်းဦးစီးဌာန မြစိမ်း​ရောင်(ငါးကဏ္ဍ ဖွံ့ဖြိုး​ရေး) စီမံကိန်းလည်​ပတ်​ရန်​ပုံ​ငွေမှ ဒုတိယ(၃)နှစ်​သက်​တမ်း၏ တတိယနှစ်အတွက် ငွေထုတ်ချေး​ ဆောင်​ရွက်​သည့်​ အခမ်းအနားကို ယမန်နေ့ နံနက်​ ၁၁ နာရီအချိန်​က ဒိုက်​ဦးမြို့နယ်​၊ နတ်​ကင်း​ကျေးရွာအုပ်​စုရှိ​ ရွှေဘုံသာဘုန်း​တော်​ကြီး​ကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်​ရာ ဒိုက်​ဦးမြို့နယ်​အမျိုးသားလွှတ်​တော်​ကိုယ်​စားလှယ်​ ဒေါ်​ရွှေ​ရွှေစိန်​လတ်​၏ ကိုယ်​စားဦးမျိုးမင်း က အဖွင့်​အမှာစကား​ပြောကြားသည်​။ ဆက်​လက်​၍ ဒိုက်​ဦးမြို့နယ်​ ငါးလုပ်​ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်​ဝင်းဝင်း​မေ မှ သံယံဇာတထိန်းသိမ်း​ရေးနှင့်​ ပတ်​သက်​၍ ဆွေး​နွေး​ပြောကြားပြီး​နောက်​ နတ်​ကင်း​ကျေးရွာ မြစိမ်း​ရောင်​(ငါးကဏ္ဍဖွံ့ဖြိုး​ရေး)​ ကော်​မတီ ဥက္ကဋ္ဌ ဦးစံဝင်း မှ စီမံကိန်းလည်​ပတ်​ရန်​ပုံ​ငွေ ထုတ်​ချေးခြင်းနှင့်​ ပတ်​သက်​၍ ရှင်းလင်း​ပြောကြားသည်​။
Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရာသီစာ သရက်သီးမှည့်များကို အလေ အလွှင့်မရှိစေဘဲ သရက်ပြားနှင့် သရက်ယို မျိုးစုံလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက် မိသားစု ဝင်ငွေတိုး၍ အဆင်ပြေ လျက်ရှိကြောင်း လေ့လာသိရှိရသည်။
Aug 21,2020
ပြင်ဦးလွင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်းကင်ဆာကုသနိုင်ရန်အတွက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး HPV (Human Papilloma Virus) ထိုးနှံနိုင်ရန်အတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
Aug 21,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအသိပညာ ပေးနံရံကပ်စာစာင်များကို ယမန်နေ့ ညနေပိုင်းမှစ၍ ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ပြသခဲ့သည်။
Aug 21,2020
ပဲခူးတိုင်း၊ ဒိုက်​ဦးမြို့နယ်​၊ အလုပ်​သမားလူဝင်​မှုကြီးကြပ်​ရေးနှင့်​ ပြည်​သူ့အင်​အားဆိုင်​ရာ ရုံးမှ ဦးစီးမှူးနှင့်​ ဝန်​ထမ်းများသည်​ ဒိုက်​ဦးမြို့နယ်​၊​ ရွှေအင်​ဒုံ​ကျေးရွာ အုပ်​ချုပ်​ရေးမှူးရုံး၌ ယမန်​နေ့က​ ကျေးရွာရှိပြည်​သူများအား သစ္စာစီမံချက်​ဖြင့်​ နိုင်​ငံသားစိစစ်​ရေးကဒ်​ပြားများ ပြုလုပ်​ပေးသည်​။