ဒိုက်ဦး သြဂုတ် ၂၀
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဒိုက်ဦးမြို့နယ်၊ ရွှေအင်ဒုံကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က ကျေးရွာရှိပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးသည်။
အဆိုပါ သစ္စာစီမံချက်ဖြင့် ကျား ၂၈ ဦး၊ မ ၆၂ ဦး စုစုပေါင်း ၉၀ ဦးတို့အား နိုင်ငံသားစိစစ်ရေးကဒ်ပြားများအား Covid-19 ကာလ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်းအခြားရပ်ကွက်/ကျေးရွာများ၌လည်း ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ဒိုက်ဦး)