မိုင်းခတ်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရန် တစ်အိမ်တက်ဆင်း မြို့နယ်လုံးကျွတ်မဲဆန္ဒရှင် စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

 

မိုင်းခတ် ဩဂုတ် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန် ကန်မှုရှိစေရန် မြို့နယ်လုံးကျွတ် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း ရက်သတ္တပတ် လှုပ်ရှားမှုကို သြဂုတ် ၂၀ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါမြို့နယ်လုံးကျွတ်မဲဆန္ဒရှင်စာရင်း တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ပညာရေးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများကရပ်ကွက်/ကျေးရွာ၊အုပ်စုအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်များ တိုက်ဆိုင် စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိသည်။

မိုင်းခတ်မြို့နယ်၌ ပထမအကြိမ်  ဇူလိုင် ၂၅ မှ ဩဂုတ် ၂၁ ရက်နေ့အထိ မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာထားရှိမှုအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူပေါင်း(၁၃၇၁၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး မှ သိရသည်။

မိုးဒေ(ပြန်/ဆက်)