ဒိုက်​ဦးမြို့နယ်​ နတ်​ကင်း​ကျေးရွာတွင် မြစိမ်း​ရောင်​(ငါးကဏ္ဍဖွံ့ဖြိုး​ရေး) ရန်​ပုံ​ငွေထုတ်​ချေးခြင်း အခမ်းအနား​ ကျင်းပ

ဒိုက်ဦး သြဂုတ်၂၁

စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြစိမ်းရောင်(ငါးကဏ္ဍ  ဖွံ့ဖြိုးရေး) စီမံကိန်းလည်ပတ်ရန်ပုံငွေမှ ဒုတိယ(၃)နှစ်သက်တမ်း၏ တတိယနှစ်အတွက် ငွေထုတ်ချေးဆောင်ရွက်သည့်အခမ်းအနားကို ယမန်နေ့ နံနက်၁၁ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ နတ်ကင်းကျေးရွာအုပ်စုရှိရွှေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ ဒိုက်ဦး မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရွှေရွှေစိန်လတ်၏ ကိုယ်စားဦးမျိုးမင်း က အဖွင့်အမှာစကားပြောကြားသည်

ဆက်လက်၍  ဒိုက်ဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်ဝင်းဝင်းမေ မှ သံယံဇာတထိန်းသိမ်းရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီးနောက်နတ်ကင်းကျေးရွာ မြစိမ်းရောင်(ငါးကဏ္ဍဖွံ့ဖြိုးရေး)ကော်မတီ ဥက္ကဋ္ဌ ဦးစံဝင်း မှ စီမံကိန်းလည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်

ထို့နောက်ချေးငွေထုတ်ချေးခြင်း အစီအစဉ်များကိုကျေးရွာမှ ငါးလုပ်ငန်းလုပ်ကိုင်သူ ဦးသန်းအေးမှ ရှင်းလင်းဆွေးနွေးပြီးစီမံကိန်း လည်ပတ်ရန်ပုံငွေများကို မြို့နယ်မြစိမ်းရောင်ကော်မတီမှကျေးရွာကော်မတီသို့ လွှဲပြောင်းပေးအပ်ခြင်း ပြုလုပ်ကာ အခမ်းအနား ရုပ်သိမ်းခဲ့သည်

အဆိုပါ မြစိမ်းရောင်ကျေးရွာ(ငါးကဏ္ဍဖွံ့ဖြိုးရေး)စီမံကိန်းမှ နတ်ကင်းကျေးရွာမှရေလုပ်သား ၂၅၀ ဦးအတွက်တစ်ဦးလျှင်၁၈၀၀၀၀ ကျပ်နှုန်းဖြင့်၄၅၀၀၀၀၀၀ ကျပ်၊ ငါးအရောင်းအဝယ်လုပ်ကိုင်သူ ၃ ဦး အတွက်၂၅၀၀၀၀ ကျပ်နှုန်းဖြင့်၇၅၀၀၀၀ကျပ်၊ ငါးကန် လုပ်ကိုင်သူ ၇ ဦးအတွက်တစ်ဦးလျှင်​  ၁၇၅၀၀၀၀ ကျပ်နှုန်းဖြင့်၁၇၅၀၀၀၀ ကျပ်၊ စုစုပေါင်း ၄၇၅၀၀၀၀၀ ကျပ်အား အတိုးနှုန်း(၀.၅၀)ဖြင့် (၁၀)လကြာ ကာလ ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်

ကျော်ကျော်(ဒိုက်ဦး)