ရပ်စောက်မြို့နယ်တွင် ရာသီစာ သရက်သီးမှည့်များကို သရက်ပြားနှင့်သရက်ယို တစ်နိုင်တစ်ပိုင် လုပ်ငန်းမှ မိသားစု အပိုဝင်ငွေရရှိ

ရပ်စောက်        ဩဂုတ်        

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်တွင် ရာသီစာ သရက်သီးမှည့်များကို အလေ အလွှင့်မရှိစေဘဲ သရက်ပြားနှင့် သရက်ယို မျိုးစုံလုပ်ငန်းကို တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက် မိသားစု ဝင်ငွေတိုး၍ အဆင်ပြေလျက်ရှိကြောင်း လေ့လာသိရှိရသည်။

အဆိုပါ သရက်ပြားနှင့်သရက်ယိုမျိုးစုံအား ဈေးကွက်တွင် တင်ပို့ရောင်းချနိုင်ရန် အတွက် သရက်သီး မှည့်များ ကို သန့်စင်စွာ ဆေးကြောပြီး အခွံနွှာကာ သရက်အသားများအား ဒယ်အိုးကြီး တွင် ()နာရီ ကြာကျိုချက်၍ အခြောက်ခံလှမ်း ထားရကြောင်း၊ ထို့နောက်()ရက်ကြာ အခြောက်ခံ လှန်းထားသော သရက်ပြားများကို သပ်ရပ်သော ထုပ်ပိုးမှု ဖြင့် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ လျှက်ရှိရာ တစ်ပိဿာကို (၈၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ သရက်ယို ၂၅ ကျပ်သား တစ်ထုပ်လျှင် (၂၅၀၀)ကျပ်ဖြင့် လည်းကောင်း အလေးချိန် အစားစား ဖြင့် ဝယ်ယူရရှိနိုင်ကြောင်း သရက်ပြားနှင့် သရက်ယို မျိုးစုံလုပ်ငန်းလုပ်ကိုင်သူ က ပြောကြားသည်။

သရက်ပြား နှင့် သရက်ယိုမျိုးစုံလုပ်ငန်း ကို လုပ်ကိုင်ခဲ့သည်မှာ (၁၅)နှစ်ကြာမြှင့်ပြီ ဖြစ် ကြောင်း၊  သရက်ပြား အပြင် သရက်ယို အချို၊ အစပ် အရသာနှစ်မျိုးဖြင့် ယိုစုံများကိုလည်း တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် လုပ်ကိုင် လျက်ရှိကြောင်း ဖော်ပြပါ လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး ချောင်လည်သည့်အပြင် မိသားစု ဝင်ငွေ တိုး၍ အဆင်ပြေလျှက်ရှိကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ရှင်းလင်း ပြောကြားချက်အရ သိရှိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)