အထက်မင်းလှ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစာင်များကို ယမန်နေ့ ညနေပိုင်းမှစ၍ ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ပြသခဲ့သည်။
အဆိုပါ နံရံကပ်စာစာင်တွင် လူကုန်ကူးမှုကျူးလွန်သူများပြုလုပ်သည့်နည်းလမ်းများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်စေသော ဆိုးကျိုးများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်စဉ်မှတ်တမ်းပုံများအား အများပြည်သူ လေ့လာသိရှိစေရေးအသိပညာပေး ပြသထားကြာင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)