အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာပိုင်စိုးမိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ အလယ်ချောင်ကျေးရွာ အထက(ခွဲ)၌ ယမန်နေ့ နေ့လည် ၁၃း၀၀နာရီ အချိန်က ကျောင်းသား/သူများအား ရာသီတုပ်ကွေးနှင့်(DHF)သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် မိုးစပါးဧက (၅၂၈၁၆) ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အချိန်တွင် ပျိုးထောင်စိုက်ပျိုးပြီးဧကပေါင်း (၄၀၉၀၇) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
Aug 21,2020
မွန်ပြည်နယ်၊ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးများ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း၌ ယနေ့နေ့ လယ်ပိုင်း၌ ကျင်းပသည်။
Aug 21,2020
ဂရုဏာလူမှုစည်းလုံညီညွတ်ရေးအသင်းမှ ခံစားသူများ၏ အခြေခံစီးပွားရေးဆိုင်ရာ အရည်အသွးများ မြင့်တင် ပေးရန်၊ အကျိုးခံစားသူများ၏ မိသားစုတွင်း အပိုဝင်ငွေရရှိ တိုးပွားလာစေရန် ရည်ရွယ်၍ အခြေခံ စီးပွားရေး သင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကြူဆော့ (IDP) စခန်းခန်းမ၌ ဩဂုတ် (၁၈) ရက်နေ့ နံနက်ပိုင်းမှ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်အတွင်းရှိ သိမ်းဆည်းခံလယ်မြေများအတွက် မြေယာ လျော်ကြေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်က လှိုင်သာယာမြို့နယ်ခန်းမတွင် ကျင်းပဆောင်ရွက် သည်။
Aug 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အချက် အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရန် မြို့ပေါ်ရပ်ကွက်များတွင် ယမန်နေ့ နံနက်ပိုင်းက တာဝန် ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
Aug 21,2020
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး ကြီးကြပ်ရေး အဖွဲ့ များမှ ယမန်နေ့နံနက်ပိုင်းက ရင်းငြိမ်တောင်ကျေးရွာနှင့် ရွာတန်းရှည်ကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။
Aug 21,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ကုန်းကြမ်းမြို့နယ် ရှောက်ကိုင်ကျေး ရွာ တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် အရ စပါးမျိုးစေ့ ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုး ပြုစုစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ က ရှောက်ကိုင်ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံး ၌ ကျင်းပပြုလုပ်သည်။