ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အသိပေးနှိုးဆော်

ပြင်ဦးလွင် ဩဂုတ် ၂၁

ပြင်ဦးလွင်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုလျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်းကင်ဆာကုသနိုင်ရန်အတွက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကြိုတင်ကာကွယ်ဆေး HPV (Human Papilloma Virus) ထိုးနှံနိုင်ရန်အတွက် ခရိုင်ကျန်းမာရေးဦးစီးဌာနမှ အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၉) နှစ်မှ (၁၀) နှစ်အထိ အမျိုးသမီးငယ်များအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစ၍ ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင်ထည့်သွင်းပြီး အခမဲ့ထိုးနှံပေးမည်ဖြစ်ရာ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်ရှိအမျိုးသမီးငယ်များ၏ အမည်နှင့် အသက်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကျန်းမာရေးဆရာမများထံတွင် စာရင်းများပေးသွင်းနိုင်ကြောင်းကို ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြတ်ဆုမွန်