အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဝင်းလတ်နှင့် မြို့နယ်မှ တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက တံတားမြို့ ဇီးဖြူပင်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ဆဲလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 21,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီး များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ် တွင် သားအိမ်ခေါင်း ကင်ဆာ Human Papilloma Virus ( HPV ) ဆေးအား ထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လူမှုဖူလုံရေးရုံးတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအရ လုပ်ငန်းခွင်တွင် မတော်တဆထိခိုက်ဒဏ်ရာရှိခဲ့သူ အာမခံအလုပ်သမား (၂) ဦးအား အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ၁၀၀ ရာခိုင်နှုန်းနှင့်အကူ ၁၀ ရာခိုင်နှုန်း ထောက်ပံ့ငွေများကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူမှုဖူလုံရေးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ စီးပွား​ရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်​တောင်သူများကို မျိုး​ကောင်း မျိုးသန့်မျိုး​စေ့စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာ​​ပေး​ဆွေး​နွေး​ဟော​ပြောခြင်းကို ယ​နေ့နံနက် (၁၁) နာရီအချိန်က ​ရန်ကုတ်​ကျေးရွာ အုပ်စု​အုပ်ချုပ်​ရေးမှူးရုံး၌ ကျင်းပပြုလုပ်သည်။
Aug 21,2020
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်မရှိသေးသည့် ပြည်သူများကို ယနေ့ နံနက် (၁၀)နာရီက မြို့မ(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေး ကဒ်ပြားများကို ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
Aug 21,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် CERP အစီအစဉ်ဖြင့် မျိုးစေ့ထုတ်စိုက်ပျိုးသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် တောင်သူအသိပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက တောင်သူဦးကျိုင်းလယ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 21,2020
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းများ မှန်ကန် စေရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Aug 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများ ရရှိရေး၊ မဲဆန္ဒရှင်စာရင်းကျန်ရှိမှုနှင့် မှားယွင်းမှု မရှိစေရေး အတွက် အိမ်တိုင် ရာရောက် စစ်ဆေးသည့်စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းမြေပြင် ကွင်းဆင်းစိစစ်ရေးအဖွဲ့က ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။