အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန နယ်နမိတ်အတွင်း ဖွင့်လှစ် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကျန်းမာရေးဆိုင်ရာသတိပေးချက်များနှင့်အညီနှင့် ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ သြဂုတ်လ ၂၄ ရက်နေ့ ည​နေ ၃နာရီခွဲက ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
Aug 25,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်များ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်သော ၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရှင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီးပေးရေးအဖွဲ့နှင့် ရွှေပြည်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေ (၃)နာရီ အချိန်တွင် ရွှေပြည်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်တွင် မိုးစပါးရာသီမျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး (အစည်းအဝေး) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း SUNDAY မှ လှူဒါန်းထားသည့် ဆန်အိတ်များကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် သောင်ကြီးနယ်မြေရဲစခန်းတွင် လှိုင်သာယာ မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် မြို့နယ် ရပ်/ကျေး အလုပ်အမှုဆောင်များက ပေးအပ်လှူဒါန်းသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ကစပြီး COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာရမည့် စည်းကမ်းများကို ခရိုင်မီးသတ်ဦးစီးဌာနဦးစီး၍ မြို့ပေါ် ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် သန့်ရှင်း သာယာလှပစေရန်
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင် ပြေစေရန် ရည်ရွယ်၍ AC ကတ္တရာဖြင့် လမ်းပေါက်ဖာနေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ သည်။