လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့နှင့် အမှတ်(၉)ရဲတပ်ဖွဲ့များအား ဆန်အိတ်များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း SUNDAY Coffee & Tea မှ လှူဒါန်းထားသည့် ဆန်အိတ်များကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် သောင်ကြီးနယ်မြေရဲစခန်းတွင် လှိုင်သာယာမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ နှင့် မြို့နယ် ရပ်/ကျေး အလုပ်အမှုဆောင်များက ပေးအပ်လှူဒါန်းသည်။

အဆိုပါ ပေးအပ်လှူဒါန်းရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့သို့ ဆန်အိတ်တစ်အိတ်လျှင်(၃)ပြည်ပါ အိတ်(၁၅၀)နှင့် အမှတ် (၉) ရဲတပ်ရင်းသို့ ဆန်အိတ်တစ်အိတ်လျှင်(၃)ပြည်ပါ အိတ်(၁၁၀)အိတ်တို့ကို လှိုင်သာယာ မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် မြို့နယ်ရပ်/ကျေးအလုပ်အမှုဆောင် များက မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများအား ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)