ရန်ကုန် ဩဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင် ပြေစေရန် ရည်ရွယ်၍ AC ကတ္တရာဖြင့် လမ်းပေါက်ဖာနေသည့် လုပ်ငန်းခွင်သို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ သည်။
ကွင်းဆင်းကြည့်ရှုရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် သီရိမင်္ဂလာလမ်း(ဂျပန်လမ်း)တစ်လျှောက်တွင် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက်နေသော AC ကတ္တရာဖြင့် လမ်းပေါက်ဖာနေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)