သရက်ချောင်း သြဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်တွင် မိုးစပါးရာသီ မျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး (အစည်းအဝေး)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးခန့်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက ထောက်ပံ့ပေးအပ်ရခြင်းအကြောင်းနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးခန့်နှင့် တာဝန်ရှိသူများက ပထမအကြိမ် တစ်ဧကအထွက်ကောင်းမျိုးစေ့ဖိုး ကျပ် (၈၅၀၀) နှင့် စိုက်ပျိုးစရိတ်လုပ်ခ ကျပ်(၇၅၀၀၀)အား သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ဆောင်ရွက်မည့် ကျေးရွာအုပ်စု (၈) အုပ်စုတွင် မိုးစပါးမျိုးစေ့ထုတ်တောင်သူ (၄၃)ဦး လယ်ဧက (၁၂၀) ဧကအတွက် ကျပ်(၁၀ ဒသမ ၁၀၈) သန်းကို တက်ရောက်လာသော ဒေသခံတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း (ပြန်/ဆက်)