အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးအတွက် မြက်ပင်များနှင့်ခြုံနွယ်ပင်များ ခုတ်ထွင် ရှင်းလင်း

ရန်ကုန် ဩဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန်နှင့် သန့်ရှင်း သာယာလှပစေရန် ရည်ရွယ် ၍ မြက်ပင်များနှင့်ခြုံနွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ရှင်းလင်းခဲ့သည်။

ရှင်းလင်းရာသို့ အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်းနှင့်တာဝန် ရှိသူများသည် မြို့နယ်ပန်း ဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ခံ ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများ ဆောင်ရွက်နေသော သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) လမ်းဘေး ဝဲ/ယာတွင် မြက်ပင်များ၊ ခြုံနွယ်ပင်များ ခုတ်ထွင်ရှင်းလင်းနေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)