အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ကျိုက်မ​ရောမြို့နယ်ရှိ ပြည်သူများ၏ မဲ​ပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိ​စေ​ရေးအတွက် မဲစာရင်းများ တိုက်ဆိုင် စစ်ဆေး​ပေးရန် ရပ်ကွက်​ကျေးရွာ​ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍​ အိမ်တိုင်​ရာ ​ရောက် ​ဆောင်ရွက်နိုင်ပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယမန်​နေ့ ​နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊(​ရွှေဟင်္သာ) ခန်းမ၌ ပြုလုပ်သည်။
Aug 25,2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဩဂုတ် ၂၃ ရက်နေ့တွင် ပေးပို့လာသော ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ညောင်‌ရွှေသက်မွေးပညာသင်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ(၃၄)ဦး၏ ဓာတ်ခွဲအဖြေတွင် ကိုဗစ်-၁၉ ရောဂါပိုးမရှိ ကြောင်း ထုတ်ပြန်ခဲ့မှုအပေါ် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့သည့် ဟိုပုံးမြို့ နယ်မှ ၂ ဦး၊ ဆီဆိုင်မြို့နယ်မှ ၉ ဦး၊ တောင်ကြီးမြို့နယ်မှ ၄ ဦး၊ ကျောက်တလုံးကြီးမြို့မှ ၄ ဦး၊ မိုင်းပွန်မြို့မှ ၂ ဦး၊ လွိုင်လင်မြို့နယ်မှ ၅ဦး၊ ဖယ်ခုံမြို့နယ်မှ ၁ ဦး၊ မိုးနဲမြို့နယ်မှ ၁ ဦး၊ ရပ်စောက် မြို့နယ်မှ ၆ ဦး၊ မိုင်းရှူးမြို့နယ်မှ ၂ ဦး၊ ကျောက်မဲမြို့နယ်မှ ၃ ဦး၊ နမ့်ဆန်မြို့နယ်မှ ၁ ဦး တို့အား ယမန်နေ့ နံနက်ပိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက သက်ဆိုင်ရာမြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
Aug 25,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုသည် (၄၆၃) ဦးရှိပြီဖြစ် သဖြင့် ဟုမ္မလင်းမြို့ပေါ်ရှိ ပြည်သူများအနေဖြင့်
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မှန်ကန်သောမဲဆန္ဒရှင်စာရင်းများပြုစုနိုင်ရေးနှင့် မဲဆန္ဒရှင်များ ကျန်ရှိမှုမရှိစေရေး ယမန်နေ့ နံနက် (၁၀) နာရီက ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ၂၀၁၉ ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံငွေမှ တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်အဖြစ်‌ခွင့်ပြု ချထား‌ငွေ ကျပ်သန်း၁၉၀ ဖြင့် ရေဦးမြို့တွင် မြို့လုံခြုံစေရေး Wireless စီစီတီဗီကင်မရာငါးလုံးကို ရန်ကုန်မြို့အခြေစိုက HTET UK Group Company မန်နေဂျာ ဦးအောင်ခိုင်ထွန်း ဦးဆောင် သောအဖွဲ့မှ တာ၀န်ယူတပ်ဆင်လျှက်ရှိသည်။
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ အထက (ခွဲ) ဇဝဲကျောင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ အထက်တန်း အဆင့်(A)အဆင့်
Aug 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် CERP အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုး ကောင်း၊ မျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင်
Aug 25,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်ပွား ဖြစ်ပွားမှုများ မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။