ရွှေပြည်သာ ဩဂုတ် ၂၅
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်များ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်သော ၍တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရှင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီးပေးရေးအဖွဲ့နှင့် ရွှေပြည်သာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေ (၃)နာရီ အချိန်တွင် ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်စေရေး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာကပ်ထားပါက ပုံစံ(၃)ဖြင့် လျှောက်ထား သူများ မကျန်ရှိစေရန် စီစစ်ရန်လိုအပ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆန္ဒမဲပေးနိုင် ရေး အတွက် လိုအပ်သည့်မဲရုံများ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ရ မည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး ပံ့ပိုးကူညီရေးအဖွဲ့မှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးစောနိုင်မှ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရန် ဆောင်ရွက် ရာတွင် လိုအပ်သည်များ ကူညီပံ့ပိုးနိုင်ရေးအတွက် ဖြည့်စွက် ဆွေးနွေးခဲ့သည်
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် ရွှေပြည်သာမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌတို့က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး အတွက် မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေမှုအခြေအနေနှင့် မဲရုံလိုအပ်မှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)