အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဘုရားကြီးကျေးရွာအုပ်စု ဇယ်တုန်ဟုန်း ကျေးရွာ၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ညွှန်ကြားချက်ဖြင့် မြို့နယ် ကြက် ခြေနီ သူနာပြုတပ်ဖွဲ့များတို့က COVID-19 ရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်(၉)နာရီက ကျေးရွာ အလကခွဲကျောင်းခန်းမတွင် ပြုလုပ်သည်။
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းမင်း ထွေး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များအား အသက်ကယ်လေ့ကျင့်ခန်းများကို ယနေ့နံနက် ၇ နာရီအချိန်က လေ့ကျင့် သင်ကြားခြင်း ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း ခန်းမ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူး ဖွင့်လှစ်တဲ့ ဆံပင်ညှပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက် (၇) နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများအား တာ၀န်ရှိသူများမှ ကာယကံရှင်တို့၏ လက်ဝယ်အရောက်သွား‌ရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လူထုအခြေပြုတီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်း စေတနာ့ဝန်ထမ်းများဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက စတင်ဖွင့်လှစ် သင်ကြားပို့ချသည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတ တိုးပွားလာ‌စေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်၊ အင်းနှင့် စပါးခင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကြီးကြပ်မှုတို့ဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်က ထန်းပင်ကန်အုပ်စု သဲဖြုချောင်း သဘာဝရေပြင်နှင့် မကျီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ စပါးခင်း ဧက ၂၀၀ အတွင်းသို့ ငါးမျိုး စိုက်ထည့်ပွဲပြုလုပ်ခဲ့သည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး အရေးပေါ်လုပ်ငန်း စီစဉ်ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က ကြံခင်းမြို့ ဧရာဦးခန်းမတွင် အစီအစဉ်နှစ်ရပ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။