အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အဖွဲ့ပိုင်ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ Mask တပ်ဆင်မှုရှိစေရေး နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Aug 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၈)နာရီက ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်မြင့်သိန်းနှင့် မြို့နယ်အတွင်းရှိ ရဲအရာရှိများ၊ ရဲတပ်ဖွဲ့ ဝင်များသည် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှု အဖြစ် အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 25,2020
သဖန်းဆိပ်ဆည် ရေသောက်စနစ်တွင် ပါဝင်သော ကင်းတပ်ရေလွှဲတမံကင်း တပ်လက်ယာ တူးမြောင်း လက်ဝဲတူးမြောင်းအပါအဝင် ကာဘိုးဆည် အတွက် စိုက်ပျိုးရေများကို ကင်းတပ်ရေ လွှဲတမံမှ ထိန်းညှိ၍ ရေများပေးဝေလျက်ရှိရာ ယမန်နှစ်က သဖန်းဆိပ်ဆည်တွင် ရေလက်ကျန် ပမာဏ နည်းပါးခဲ့သဖြင့် နွေစပါး စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့မှု မရှိခြင်း၊
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
Aug 25,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ် နန်းတော်ရှေ့ ၁၉ လမ်းအတိုင်း အရှေ့မှအနောက်သို့ မောင်----အသက် (၂၃) နှစ် သည် တစ်ဦးတည်း မောင်းနှင်လာသော Pajero ခဲရောင်ယာဉ်မှာ ယနေ့နံနက် (၇) နာရီ (၁၀) မိနစ်ခန့်က ၁၉ လမ်းနှင့် ၆၆ လမ်းအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ကျုံးရေပြင်ထဲသို့ပြုတ်ကျရာ ယာဉ်မောင်းဖြစ်သူ မောင်----သေဆုံးသွားကြောင်း သိရသည်။
Aug 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေး ယမန်နေ့ နံနက် ၁၁ နာရီက သစ္စာစီမံချက်ဖြင့် တမွှတ်‌ကျေးရွာသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
Aug 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုစရိတ်ကြေးငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ညနေ (၃) နာရီက မကျီးတိုင်းကျေးရွာ ကြက်မောက်တောင်ဆည်ရှင်းလင်းဆောင်တွင် ပြုလုပ်ခဲ့ရာ၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကို တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။