မိုင်းဖြတ် သြဂုတ်၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန နယ်နမိတ်အတွင်း ဖွင့်လှစ် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာသတိပေးချက်များနှင့်အညီနှင့် ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ ယမန်နေ့ ညနေ ၃နာရီခွဲက ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက် ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသောက် ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များကွင်းဆင်း စစ်ဆေးရေး အဖွဲ့ ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ မြို့နယ်ပြည်သူ့ ကျန်း မာရေး ဦးစီးဌာနမှ ဒေါက်တာကျော်မျိုးဇော်နှင့် တာဝန်ရှိသူများက မြို့နယ် စည်ပင် သာယာရး ဌာန နယ်န မိတ် အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက် ဆိုင်၅ဆိုင်၊ စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်နှင့် တည်းခိုခန်းများအား ကွင်းဆင်းစစ်ဆေးရာ လက်သန့်ဆေးရည်များ၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးရေး၊ဆိုင်ထိုင်စားပွဲများ လူတစ်ဦးနှင့်တစ်ဦးကြား သက်မှတ်အကွားအဝေးများ ၊ အစားအစာများကို ပြင်ဆင်၊ ဝန်ဆောင်မှုပေးသူအားလုံး မျက်နှာကာ(Face Shield)၊ နှာခေါင်စည်း (Mask) များတပ်ဆင်ထားခြင်း ရှိ/မရှိ စသည့်အချက်များကို စစ်ဆေးခဲ့သည်။
ထို့အတူ ဆိုင်အတွင်း၊ အပြင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အသိပေး နှိုးဆော်ချက် ပိုစာတာ၊ ဆိုင်းဘုတ်များ ကပ်ထားခြင်း ရှိ/မရှိ၊ ဆိုင်အတွင်း လာရောက် သုံးဆောင် သူများကို မျက်နှာကာ(သို့မဟုတ်)နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက ဆိုင်အတွင်းစျေးနှုန်း မှန်ကန်စွာဖြင့် ရောင်ချနိုင် ရေး တို့ကို စစ်ဆေးခဲ့ပြီး အဆိုပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်မှတ် စည်းကမ်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)