ခန္တီး သြဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယမန်နေ့ကစပြီး COVID-19 ရောဂါကူးစက်ပြန့်ပွားမှု ဆက်လက်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာရမည့် စည်းကမ်းများကို ခရိုင်မီးသတ်ဦးစီးဌာနဦးစီး၍ မြို့ပေါ် ရပ်ကွက်များသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ လူစုလူဝေးရှောင်ရန်၊ တစ်ဦးနဲ့တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန် အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်နှင့် လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးမိနစ် ၂၀ ကြာပွတ်တိုက်၍ မကြာခဏဆေးကြောရန် စသည့် ဆောင်ရန်/ ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များကို အသိပေး ဆော်သြခဲ့ကြောင်းနှင့် အလားတူ အသိပေးဆော်သြမှုများကို ဆက်တိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အမ်းအင်းလမ်း(ပြန်/ဆက်)