ကန်ကြီးထောင့် ဩဂုတ် ၂၅
ကိုဗစ်-၁၉ရောဂါကူးစက်မှု ကာကွယ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ အဖွဲ့ပိုင်ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများ Mask တပ်ဆင်မှုရှိစေရေး နေ့စဉ်စစ်ဆေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်းကာကွယ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာမှုရှိစေရေးနှင့် ဈေးသို့လာသည့်အခါတိုင်း Maskများ တပ်ဆင်မှုရှိစေရေးတို့ကို စည်ပင် ဝန်ထမ်းများမှ နေ့စဉ်စစ်ဆေးကြပ်မတ်လျက်ရှိပြီး နှာခေါင်းစည်း (Mask) တပ်ဆင်မှု မရှိပါက အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန် ထံမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများတွင် အသိပညာပေး စာစောင်များနှင့် နှာခေါင်းစည်း မတပ်ဆင်ဘဲ ဈေးအတွင်းသို့ မဝင်ရ ဗီနှိုင်းပိုစတာများကို ကပ်ထား ကြေညာထားရှိပြီး ဈေးအဝင်အဝများတွင်လည်း လက်ဆေးရန် ဘေစင်နှင့် ဆပ်ပြာများကို စနစ်တကျ ထားရှိ ပေးထားကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)