ပန်းတနော် သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် များအတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် ပန်းတနော်မြို့ပေါ် ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)များ မဖြစ်မနေတပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)