အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး

ဒေးဒရဲ  ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း  နိုင်ငံသား စိစစ်ရေး ကတ်ပြားများ လက်ဝယ်ကိုင်ဆောင်နိုင်ရေး  ယမန်နေ့ နံနက် ၁၁ နာရီက သစ္စာစီမံချက်ဖြင့် တမွှတ်‌ကျေးရွာသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဒေးဒရဲမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးက လူဝင်မှုကြီးကြပ်ရေးမှူး ဦးယဉ်မြင့် ခေါင်းဆောင်သောအဖွဲ့က တမွှတ်ကျေးရွာအုပ်စု အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် လာရောက်လျှောက်ထားသူ (၅၀)ဦးအား  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)