အင်္ဂပူမြို့နယ်တွင် သဘာဝရေပြင်၊ အင်းနှင့် စပါးခင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀) စိုက်ထည့်

အင်္ဂပူ  ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ငါးသယံဇာတ တိုးပွားလာ‌စေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ သဘာဝရေပြင်၊ အင်းနှင့်စပါးခင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာန၏ လမ်းညွှန်မှု၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကြီးကြပ်မှုတို့ဖြင့် ယနေ့နံနက် ၉ နာရီခွဲ အချိန်က ထန်းပင်ကန်အုပ်စု သဲဖြုချောင်း သဘာဝရေပြင်နှင့် မကျီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ စပါးခင်း ဧက ၂၀၀ အတွင်းသို့ ငါးမျိုး စိုက်ထည့်ပွဲပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ ဟင်္သာတ ငါးသားဖောက်စခန်း တာဝန်ခံ ဦးငြိမ်းချမ်း၊ မြို့နယ်မိခင်နှင့်က‌လေး စောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်ဝေဦးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းနှင့် သဘာဝရေပြင် အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ကောင်ရေ (၁)သိန်း၊ စပါးခင်းဧက(၂၀၀)အတွင်းသို့ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁)သိန်းနှင့် အင်းများအတွင်းသို့ ငါးမြစ်ချင်း ငါးသား‌ပေါက်ကောင်ရေ (၅)သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၂၅၀၀၀၀)အား စုပေါင်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)