မိုင်းပန်မြို့နယ်၌ ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူ (၈၈) ဦး အား ထောက်ပံ့ငွေ များ သွားရောက် ပေးအပ်

မိုင်းပန်      ဩဂုတ်    ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့ နံနက် (၇) နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မသန်စွမ်းသူများအတွက် နိုင်ငံတော်မှ ပေးအပ်သော ထောက်ပံ့ငွေများအား တာ၀န်ရှိသူများမှ ကာယကံရှင်တို့၏ လက်ဝယ်အရောက်သွား‌ရောက်ထောက်ပံ့ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရပ်ကျေးစာရေး၀န်ထမ်းများမှ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇)အုပ်စု အတွင်းရှိ မသန်စွမ်းသူ (၈၈) ဦး တို့အား နိုင်ငံတော်မှထောက်ပံ့ငွေ တစ်ဉီးလျှင် ငွေကျပ်(၃၀၀၀၀) နှုန်း စီဖြင့် စုစုပေါင်း‌ငွေကျပ် (၂၆၄၀၀၀၀) အား နိုင်ငံတော်၏ကိုယ်စား အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရှိရသည်။

ဆန်းမြင့် (ပြန်/ဆက်)