တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသက်ကယ် လေ့ကျင့်ခန်းများ လေ့ကျင့် သင်ကြားပေးလျက်ရှိ

တိုက်ကြီး       ဩဂုတ်       ၂၅       

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းမင်း ထွေး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များအား အသက်ကယ်လေ့ကျင့်ခန်းများကို ယနေ့နံနက် နာရီအချိန်က လေ့ကျင့် သင်ကြားခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း မီးဘေးအန္တရာယ်၊ သဘာဝဘေး အန္တရာယ်များ နှင့် အခြားအရေးပေါ် အခြေအနေများ ဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုလျင်မြန်ထိရောက်စွာ ကူညီ ကယ်ဆယ် နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့အား ရှာဖွေကယ်ဆယ်ရေးပညာရပ်မှ BA Set (အသက်ရှု ကိရိယာ) တစ်နည်းအားဖြင့် မီးလောင်ပြင်တွင် မီးခိုးများပြီး ဝင်မရသောနေရာများ၌ အသုံးပြု ရသော စက်အား အသုံးပြုပုံ များကို လက်ထောက်မီးသတ်ဦးစီးမှူး ဦးသိန်းမင်းထွေးက လက် တွေ့သင်ကြားပြသပေးခဲ့ကြောင်း နှင့် အဆိုပါ အသက် ကယ် လေ့ကျင့်ခြင်းများကို အပတ်စဉ် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)